ကျန်းမာရေး


[Zawgyi]



အနာဖြစ်​လာနိုင်​ပါတယ်

မှန်​ကန်​တာက တစ်​ခါထည့်​စားရင်​စား​နေကျပမာဏထက်​တစ်​၀က်​ကို​လျှော့ချ​ပေးခြင်းပါ




၎) ည၆နာရီ​ကျော်​ရင်​ ဘာမှမစားနဲ့
ဒါလဲ အလွဲတစ်​မျိုးပါပဲ …မိမိညအိပ်​ရာဝင်​ချိန်​​ပေါ်မူတည်​ပြီး အိပ်​ရာမ၀င်​ခင်​ သုံးနာရီအလိုမှာ  Heavy Dinnerလိုမျိုးမစား​သောက်​ဖို့​ပြောတာပါ




၎)ဟင်းသီးဟင်းရွက်​များများစား​ပေးပါ

Ref:Healthline

M-Johnny

www.todaytrend.org

Portrait of strong female flexing muscles. Fitness concept.

[Unicode]

ကိုယ်အလေးချိန်လျှော့ချခြင်းနှင့်လွဲမှားနေသောအယူအဆများ

ဒီနေ့ခေတ်မှာ ကိုယ်အလေးချိန်ချတာကတော့ လူတိုင်းနီးပါး လုပ်ဆောင်နေကြပါပြီ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ လုပ်တဲ့သူအရေအတွက်ကတော့ အတော်ကိုရှားပါတယ်။ ကြားဖူးနားဝနည်းလမ်းလေးတွေနဲ့ စမ်းတဝါးဝါးလုပ်ဆောင်နေကြရတဲ့အတွက် လုပ်သလောက် ထိရောက်မှုသိသိသာသာမရှိပဲ လုပ်ချင်စိတ်တောင် ပျောက်သွားနိုင်ပါတယ်။ ဒီတော့ နွေရာသီအားလပ်ရက်ရှည်တွေမှာ မိမိကိုယ်အလေးချိန်ကိုလျှော့ချလိုသူတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ လုံးဝရှောင်ကြဉ်သင့်တဲ့ အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကြောင့် သင်ဟာထင်သလောက်ခရီးမပေါက်ပဲဖြစ်နေတာပါ။

၁) တစ်နေ့တစ်ကြိမ်ပဲ စားရမယ် သို့ အစားလုံးဝမစားဘဲနေတာ
အဲ့တာကတကယ်ကိုလွဲမှားတဲ့အယူအဆပါ
အစာလုံးဝမစားဘဲနေရင် အစာအိမ်က အက်ဆစ်တွေအထွက်များလာပြီးအစာအိမ်နံရံကိုပွတ်တိုက်ပြီး
အနာဖြစ်လာနိုင်ပါတယ်

မှန်ကန်တာက တစ်ခါထည့်စားရင်စားနေကျပမာဏထက်တစ်ဝက်ကိုလျှော့ချပေးြခင်းပါ
အစာကိုနည်းနည်းနဲ့ခဏခဏစားပေးရပါမယ်

၂) အချိုရည်တွေ Soft Drinks တွေသောက်လို့ရတယ်ဆိုတာ

တကယ်တော့ အချိုရည်တွေက ထမင်းလိုမျိုးအစာအိမ်ကချေစရာတောင်မလိုဘဲတစ်ခါတည်းစုပ်ယူနိုင်တဲ့ အတွက် ပိုလို့တောင်ဝိတ်တက်စေမှာပါ

၃)အဆီလျှော့စား ထမင်းချည်းပဲစား
ထမင်းက Glucose ဖြစ်အောင်ပြန်ပြောင်းနိုင်ပါတယ် ပိုပြီးဖြစ်သင့်တာကတော့ အဆီထက်အသားများများစားပေးဖို့လိုပါတယ်

၄) ည၆နာရီကျော်ရင် ဘာမှမစားနဲ့
ဒါလဲ အလွဲတစ်မျိုးပါပဲ …မိမိညအိပ်ရာဝင်ချိန်ေပါ်မူတည်ပြီး အိပ်ရာမဝင်ခင် သုံးနာရီအလိုမှာ  Heavy Dinnerလိုမျိုးမစားသောက်ဖို့ပြောတာပါ

၅) မနက်စောစောထ လေ့ကျင့်ခန်းတအားလုပ်

ဒါကသိပ်ကိုအန္တရယ်များပါတယ်
ညဘက်ကစားထားတဲ့ အစာအခံမရှိတဲ့အခါမျိုး
အစာကိုဟုတ်တိပတ်တိမစားတာ သုံးလေးရက်ရှိသွားတဲ့အချိန်မျိုးမှာ
ဝိတ်ကျချင်ဇောနဲ့ ပြေးတာမျိုး အလေးမတာမျိုး
ကိုယ်လက်လှုပ်ရှားတာမျိုးပြင်းပြင်းထန်ထန်လုပ်လိုက်ရင် ခန္ဓာကိုယ်ကရုတ်တရပ်ကြီးလိုလာတဲ့စွမ်းအင်အတွက် ကိုယ့်မှာရှိနေတဲ့အဆီပိုတွေကိုအမြန်ချေဖျက်ပါတယ်..အဲ့ကနေအက်ဆစ်တွေထွက်လာပြီး စုမိတဲ့အခါ balance မညီဘဲ ရုတ်တရပ်သေနိုင်ပါတယ်
အားကစားလုပ်တော့မယ်ဆို
မနက်ခင်း အစားတစ်ခုခုစားပြီး တစ်နာရီအကြာမှာစလုပ်တာက အကောင်ဆုံးပါပဲ

ကိုယ်အလေးချိန်ချချင်တဲ့သူတွေအတွက် နည်းလမ်းတချို့ကိုလဲမျှဝေလိုက်ရပါတယ်

၁)မနက်စာကို အသားများများစားပါ
၂)သစ်သီးဖျော်ရည် အချိုရည်တွေရှောင်ပါ
၃)အစာမစားခင်တိုင်း ရေဖန်ခွက်ဝက်မျှသောက်ပါ
၄)ဟင်းသီးဟင်းရွက်များများစားပေးပါ
၅)ကော်ဖီ လက်ဖက်ရည်သောက်ရတာကြိုက်ရင်သောက်ပေးပါ ..ကဖိန်းဓာတ်ကအဆီချေဖျက်မှုကိုမြန်စေပါတယ်
၆)အစာစားရင်ဖြည်းဖြည်းချင်းစားပါ
၇)ကိုယ်အလေးချိန်အမြဲတိုင်းပါ
၈)အိပ်ရေးပျက်ရင်ဝိတ်ကျတယ်ဆိုပြီး အိပ်ရေးအပျက်မခံပါနဲ့..
လူကအိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကအစားစားချင်စိတ်ကိုလှုံ့ဆော်ပေးတတ်ပြီး နောက်ပိုင်းဝိတ်တက်လာနိုင်ပါတယ်

Ref:Healthline

M-Johnny

www.todaytrend.org

Leave a Comment